Posts

ALONE (2015)

ဇာတ်လမ်းအစမှာတော့ မိုးတွေချိန်းပြီး လျှပ်စီးတွေလက်နေတဲ့ ညတစ်ညမှာ အိမ်တစ်အိမ်ရဲ့ ခေါင်မိုးပေါ်ကို သစ်ကိုင်းကြီးကျိုးကျလာခဲ့ပြီး ခေါင်မိုးပေါက်သွားခဲ့တာနဲ့တစ်ပြိုင်နက် အိမ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဝိဉာဉ်အမဲကြီးတစ်ခု လွတ်ထွက်လာခဲ့ပါတယ်။ ခွေးတွေကလဲ ကျောချမ်းစရာကောင်းအောင် ဆွဲဆွဲငင်ငင်အူနေကြပြီး အပြင်ဘက်က တစ်စုံတစ်ခုရဲ့ အသံကြားလိုက်ရတာကြောင့် မိန်းမကြီး တစ်ယောက်ဟာ အိမ်ထဲကနေ ထွက်လာပြီး ဓာတ်မီးတစ်လက်နဲ့ ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်နေပါတယ်။ အဲ့ဒီအချိန်မှာပဲ သံပတ်အရုပ်ကလေးတစ်ခုရဲ့ သီချင်းသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မိန်းမကြီး လဲ အသံကြားရာ အိမ်ခန်းဟောင်းကြီးတစ်ခုဘက်ကို သွားကြည့်ခဲ့ပါတယ်။ အိမ်ခန်းကြီးထဲမှာတော့ ပစ္စည်းအကျိုးအပဲ့တွေနဲ့ ကလေးကစားစရာအရုပ်အဟောင်းတွေကလွဲရင် ဘာမှရှိမနေခဲ့ပါဘူး။ ရုတ်တရက်ဆိုသလိုပဲ မိန်းမကြီး က သူ့ရဲ့အနောက်ကနေ အသံနက်ကြီးတစ်ခုကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်ချိန်မှာပဲ 😱😱 ဘွားကနဲ ပေါ်လာခဲ့တဲ့အရာကြီးကြောင့် မိန်းမကြီး လဲ သတိတွေပါ လစ်သွားခဲ့ရပါတော့တယ်။ မြေအောက်ခန်း ကားပါကင်တစ်ခုမှာတော့ ဆန်ဂျနာ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောကျာ်းဆီက ဖုန်း...